ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 14, 2014

===နွေရာသီလတပေါင်း===

>
တပေါင်းလသည် မြန်မာလများတွင် (၁၂)လမြောက် ဖြစ်ပြီး တစ်နှစ်တာ၏နောက်ဆုံးလဖြစ်သည်။ တပေါင်းလ ၏ ပထမလ၀က်သည် ဆောင်းရာသီတွင် ကျရောက်၍ ဒုတိယလ၀က်သည် နွေရာသီတွင် ကျရောက်သဖြင့် ဆောင်းအကုန် နွေအကူး မင်းလွင်မြူးသည့်လဖြစ်၍ သာယာလှသောရာသီဖြစ်သည်။ တပေါင်းလကို မိန်ရာသီ ဟု ခေါ်ကြသည်။ ရာသီပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သရဖီပန်း၊ အင်ကြင်းပန်းနှင့် ပိတောက်ပန်းကို ရာသီပန်းအဖြစ် သတ်မှတ်ကြသည်။ ဥတ်္တရဖလဂဏီ နက်္ခတ်ထွန်း၍ နေ့ နာရီ ၂၈၊ ည နာရီ ၃၂ ရှိ၏။ ဆောင်းတစ်ဝက်နွေတစ်ဝက်တွင်ပါဝင်၍ နေ့အခါ တွင် အတော်အသင့် ပူလာပြီဖြစ်သော်လည်း ညချမ်းအခါ ၌မူ ဆောင်းရာသီ၏ နှင်းကြွင်းတို့ကျဆဲမို့ ဆောင်းရိပ် ဆောင်းငွေ့မပြတ်သေးဘဲ အေးလျက်ရှိသည်။ ထို့ကြောင့်ရှေးလူကြီးသူများက ““နေ့ပူလို့ညချမ်း တပေါင်းလသရမ်း”” ““နေ့ပူလို့ညချမ်း တပေါင်းလဆန်း””ဟူ၍ အဆိုပြုခဲ့ကြပေ သည်။

လတကာလတွင် တပေါင်းလသည် အလွန်သာယာ လှပေသည်။ စာဆိုတော် ရှင်အုန်းညိုက တပေါင်းလ၏ သာယာပုံကို ““သာသည်ညင်းညင်း မြောက်လေကြွင်းနှင့် ဆီးနှင်းပကုန်ပူဟုန်မသည်း၊ ပျံ့ပျံ့မည်းသား””ဟူ၍ ဖွဲ့ဆို ခဲ့သည်။ ထို့ပြင် စာဆိုများက ““တပေါင်းလသာ၊ လတကာ ထက်၊ နှိုင်းရာဖက်ရှောင် လများနောင်ကား၊ တောင်လည်း သာမော၊ တောလည်းသာထွေ၊ ရေလည်းသာလှ၊ ဖြူလွ သောင်ပြင်၊ ငှက်ပေါင်းရွှင်လျက်””ဟု စာဆိုတော်များက ချီးကျူးဖွဲ့ဆိုခဲ့ကြသည်။ နှင်းလွှကာပ၀ါခြုံလျက် ထွက်ပြေးခဲ့ပြီဖြစ်သော ဆောင်းမင်းသမီးအစားနွေ၏စေတမန်အဖြစ် ပုန်းကွယ် ရာမှ ထွက်လာသော ဥသြငှက်ငယ်က ““ဥသြ ဥသြ””ဟု ကြွေးကြော်လိုက်လေသည်။ သူ၏သာယာညှင်းပြောင်း ချိုတေးသံကား နွေဦးရောက်ပြီဟေ့လို့ ကြွေးကြော်လိုက် သလို ရွက်ဝါတို့သည် လေတွင်ဝေ့၀ိုက်၍ တဖြုတ်ဖြုတ် ကြွေလာပြီး သြဘာပေးလိုက်ကြသည်။ နွေဦး၏ သဘာဝ ပြက်္ခဒိန်က ဥသြငှက်၏တေးချိုသံနှင့် ရွက်ဝါတို့၏ တဖြုတ်ဖြုတ်ကြွေနေပုံသည် ခွဲခြား၍မရပေ။ ဥသြငှက်၏ တေးသံကို ရွက်ဝါတို့သည် မလွန်ဆန်နိုင်ပါတကား။ အပြင်တွင် မြူခိုးတွေဝေနေသည်။ စာဆိုတော် ရှင်မဟာရဋ္ဌသာရသည် တပေါင်းလ၏အလှကို စပ်ဆို ရာတွင် ““ချိုးငှက်လည်ပြောက်၊ ကျွမ်းဖော်ပျောက်သို့၊ နှုတ်ထောက်ကွန့်မြူး။ သံပြိုင်ကျူးလျက်၊ တစ်ဦးတိုင်က တစ်ဦးချ၍ ဖိုမလင်းပြာ၊ တွန်သံသာနှင့်”” စသည်ဖြင့် ဖွဲ့ဆိုခဲ့သည်။ မြစ်အတွင်းသဲသောင်စပ်တွင် ငှက်အပေါင်း သည် အဖော်စုံညီစွာ ရောက်နေကြသည်။ ငွေရောင် သင်ဖြူးခင်းထားသော သဲသောင်ပေါ်တွင် ရွှေရောင် တောက်နေသော ဟင်္သာမောင်နှံများ လှလှပပ ချစ်တင်း နှောနေကြသည်။ ၎င်းင်းပြင် သောင်းတင်းငှက်ပိန်ညှင်း၊ ငှက်တော်၊ စင်ရော်၊ မြစ်တွေး၊ ရေကြက်ကလေးတို့ ည် သောင်စပ်တွင် ရောက်လာကြသည်။ သူတို့သည် တေးချို သော ဥသြလိုပုန်းမနေကြပေ။ အစာရှာကြ၊ ရေချိုးကြ၊ အစာခွံ့ကြ၊ လည်ချင်းယှက်၍ ချစ်တင်းနှောနေသည်။ ထို့ကြောင့် ရှင်ဥတ်္တမကျော်က ““သဲခင်းသာဝယ်၊ သီတာ ကြည်လဲ့၊ ငှက်သံနွဲ့နှင့် လွမ်းဘွဲ့မြိုင်ခြေ၊ မြူခိုးဝေခဲ့”” ဟူ၍ ရေးဖွဲ့ခဲ့သည်။ မြစ်ရေသည်နွေဦးတွင်နည်း၍ ကြည်လင်ကာ မှန်သား ရောင်ထပြီး အောက်ခြေကြမ်းပြင်တွင် ငါးကလေး နှစ်ကောင် ပြေးနေသည်ကအစ မြင်ရလောက်အောင် ကြည်လင်နေသည်။ တစ်ဖန်စာဆိုသည် မျောက်တို့၏ ““ကြိုးခွေ ကြိုးခွေ””၊ ဒေါင်းတို့၏ ““အိုးဝေ အိုးဝေ””ဟူသော မြည်သံကို ကြားသောအခါ ““နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော် မျောက်ကကြိုးခွေ ဒေါင်းအိုး ဝေနှင့် သံခြေကြွေးကြော်၊ ဖိုမခေါ်လျက်”” ဖွဲ့ဆိုထားသည်။ ရွက်ဟောင်းတို့ လေဟုန်စီး၍ ကြွေပြီးသောအခါတွင် မြပုရစ် ဖူးညှောက်တို့၏ အရောင်တပြောင်ပြောင် လှပသာယာ နေ၍ တပေါင်းလသည် ““လတကာထက် နှိုင်းရာဖက်ရှောင် လများနောင်ကား တောင်လည်းသာမော၊ တောလည်း သာထွေ၊ ရေလည်းသာလှ၊ ဖြူလွသောင်ပြင် ငှက်ပေါင်းရွှင် လျက်””ဟု စပ်ဆိုခဲ့ဖူးသည်။ ရွာများတွင် မိုးတွင်းအတွက် ထင်းသယ်သည့်လှည်းများ၊ ၀ါးသယ်သည့်လှည်းများ၊ ကောက်ရိုး၊ သက်ငယ်သယ်သည့် လှည်းများအသံက ကျည်ကျည်နှင့်မောင်းနှင်နေသည်။ အဘွားလေး ဒေါ်ဖွား ယု၏ စပါးကြိတ်ထိုးရင်း သီဆိုသော နွေဦးသီချင်းမှာ လွမ်းမောစရာကောင်းလှပါသည်။ စောစောက သစ်ကိုင်းခြောက်များလို အကျည်းတန် သော သစ်ပင်များတွင် ရွက်သစ်များဝေနေချေပြီ၊ ရွက်ဝါ တို့ပင်ခြေတွင် စုပုံနေသော်လည်း လေအဝေ့တွင် နွေတေး ကိုဆို၍ လေနောက်သို့ ပါသွားချေပြီ။ လွမ်းဖွယ်မြင်ကွင်း ကို ကြည့်ရင်း ဆရာမင်းသုဝဏ်၏ ခါနွေဆန်းတော့လွမ်းမိ တယ်”” ကဗျာမှ ““ဆန်းစခါနွေ၊ သာတပေါင်းမို့ ညှာညောင်း ကြွေ”” ဟူသော စာသားသည် သရုပ်ပေါ်နေသည်။ တပေါင်းပွဲတော်များသည် ကျေးရွာများတွင် ငွေစရွှင်ချိန်မို့ စည်ကားလှသည်။ တောင်သူလယ်သမားတို့သည် နွေ တွင် နားမနေကြ၊ ၀ါးခုတ်သူခုတ်၊ စပါးကျီပြင်သူပြင်၊ ထင်းရှာကြ၊ အိမ်ပြင်ကြ၊စပါးကြိတ်ထိုးကြဖြင့် အလုပ် ရှုပ်နေကြသည်။ ““တပေါင်း””ကို ပုဂံခေတ်ထိုးကျောက်စာတို့၌ တပေါင်းဟုရေးခဲ့သည်။ အင်းဝခေတ်၌မူ ၀ိသဇ်္ဇနီရေးထုံး ပေါ်လာပြီဖြစ်သဖြင့် ယခုခေတ်ရေးသကဲ့သို့ ““တပေါင်း”” ဟု ရေးသားခဲ့သည်။ ရှင်ဥတ်္တမကျော်စာဖွဲ့ခဲ့ပုံက ““လေခ မြေသက်၊ ဈာန်ဝိဘက်တို့၊ သစ်ရွက်ရော်ရီ၊ ဣန်္ဒရီဝယ်၊ သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်အတွင်း တောလုံးလင်းသား””ဟု နွေသရုပ်ကို လှလှပပဖော်ထုတ်ခဲ့သည်။

ဝန်ကြီးပဒေသရာဇာကလည်း““နွေဦးကာလ၊ မြူထ သောအခါ၊ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင်၊ ရွှန်း မြိုင်မြိုင်၊ ကလိုင်သာလွယ်လို့တက်သည်နှင့်လေး”” ဟု ဖွဲ့ဆိုခဲ့သည်။ စာဆို ဦးယာကလည်း ရွက်ဟောင်းအစား မြပုရစ်ဖူးလေးများ ထွက်ပြူလာသည်ကိုမြင်လျှင် စာသ လိုက်ပုံက ““နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့ ပုရစ်ကယ် ရွှေဥ၊ ပင်တိုင်းစုကြသည်၊ နုညိုခင်ငယ်တဲ့လေး”” ဟူ၍ သီကုံးခဲ့သည်။ မင်းဇေယျယန်္တမိတ်ကဖွဲ့လိုက်ပုံက ““ပုရစ်ဖြေခင်၊ တောဝန်းကျင်လည်း၊ မင်းလွင်ရှေးရှု၊ ဦးရရုတည့်၊ မဉ်္ဇူ သင်းကွဲ၊ ပေါက်လဲကင်းငုံ၊ ရစ်ဆုံလည်ယှက်၊ ကျေးငှက် ပြင်ယံ၊ စုံစုံစံလျက်၊ ရွှေလျှံတောလုံး၊ အိုင်ထုံးပြစ်ခွင်၊ ကြည်စင်ပြပြ တပေါင်းလသည်””ဟူ၍ စာပန်းချီခြယ်မှုန်းခဲ့ သည်။ အချို့အရပ်တွင် ဖက်ဆွတ်ပန်းကလေးများ ပွင့်လေ့ ရှိပြီး တောနယ်တစ်ခွင်တွင် ပီပြင်စွာမစိမ်းဘဲ ညိုရွှေဝါ သန်းနေသည်ကို စာဆိုတော်ကြီး န၀ဒေးက ဤသို့ကဗျာ ဖွဲ့ပြန်သည် ““ရွှေညှောက် နည်းမြချစ်စီသို့ ပီပီမစိမ်း၊ တောခပ်သိမ်းလည်း၊ ရှိန်းရှိန်းလတ်လတ်၊ ပင်လုံးကျွတ် လျှင်၊ ဖက်ဆွတ်ပိတောက်၊ လဲနှင့် ပေါက်တို့၊ ခါရောက်ညီဘိ”” ဟု ရေးဖွဲ့ခဲ့သည်။ စာဆိုရှင် စလေဦးပုညက ရေးဖွဲ့ခြယ်မှုန်း ပုံမှာ ““နွေချိန်ခါ ငွေမိလ်္လာပြာရီရောပါလို့၊ ဥသြဖိုတွန်သံ ကြည်တော့၊ သောတာပန်မဟာထေရ်တို့တောင် မဆည်နိုင် မျက်ရည်စို့ရှာလိမ့်၊ အဘိဈာန်ယာဉ်ကြို့ပါလို့၊ နယ်ရှစ်ခွင် မြူးခြည်ဆို့တယ်၊ လွမ်းဖို့တပေါင်း”” ဟူ၍ဖွဲ့ဆိုခဲ့ပါသည်။ ထို့ပြင် စာဆိုလူဦးမင်းကလည်း ““စံပမြင်သိန် သရစ်ပေမို့၊ သိန်သစ်ကယ်ယဉ်ဂုဏ် ကြွေပါဘိ၊ ကြည်းရေသာချိန်”” ဟူ၍ တပေါင်းလ၏သာယာလှပပုံမှာ စာဖွဲ့မကုန်နိုင်ပါ ချေ။ တောင်တွင်းစာဆို ဦးကြော့ကလည်း ““အညှာမှ သန်္တာလှဲ့လို့၊ ဆာတကျယ့်ပွေလီ၊ ကညာနွဲ့ကေသီမှာ၊ ရွှေသိင်္ဂီ အင်ကြင်း၊ ဖိငွေဝတ်တပေါင်းမိန်တွင် သောင်း ၀တိန်နတ်တိုင်းကသင်း၊ စုံရဂုံခက်ညှာကြွေသည်၊ ရွက်ဝါ လေသန့်ရှင်း၊ စက်ရာတွေညံ့ညှင်းမှာ၊ ပန်းခပင်းသော်မော်၊ သဲစေတီတည်သမယပေမို့၊ ကြည်သမျှသည်လမို့နော်”” စသည်ဖြင့်ဖွဲ့ဆိုခဲ့သည်။ ဆရာဇော်ဂျီက ““ဥသြငှက်မွန်း၊ တွန်ပါပေါ့လေး၊ ပုရစ်ကလေးငယ်တို့မြသွေးတထည်ဆင် နှင့် နွေအ၀င်သည်စခန်းမှာ လန်းတော့မည်လေး”” ဟူ၍ ဖွဲ့ဆိုခဲ့ပါသည်။ တပေါင်းနွေအကြောင်း ဆန်းစစ်လျှင် ၁၉၄၅ ခုနှစ် နွေသည်သွေးများစွန်းခဲ့သည်။ ဖက်ဆစ်တို့ကိုမြန်မာ့မြေ ပေါ်မှ မောင်းထုတ်ရေးအတွက် မျိုးချစ်တပ်မတော်၏ အသက်ပေါင်းများစွာစတေးခဲ့ရသည်။ ရဲရဲနီသောပေါက် ပွင့်တို့၏အောက်၌ ရဲရဲနီသော သွေးတို့နှင့်ဖက်ဆစ်တို့၏ သံခွာအောက်မှ ရုန်းထွက်ခဲ့ရသည်။ မျိုးချစ်စိတ်ကို မွေးပေးခဲ့သော နွေပါတကား။ မတ်လ ၂၇ ရက်သည် တပေါင်းလ၏နွေသမိုင်းကို မေ့မရအောင်ပီပြင်စေသည်။ ရှေးယခင်က သုဒေ်္ဓါဒနမင်းကြီးသည် သူစံမြန်းရာ ကပိ လ၀တ်ပြည်တော်သို့ ဘုရားရှင်အဖူးမြော်ခံကြွရောက်ရမည့် လမ်းခရီးသည်တပေါင်းလရာသီဖြစ်သည့်အတွက် သာယာ ကြည်နူးဖွယ်ကောင်းပုံပါ မြတ်စွာဘုရားအား ထည့်သွင်း လျှောက်ထားခဲ့သည်။ လျှောက်ထားချက် အပြည့်အစုံကို ရဟန်းစာဆို ရှင်အုန်းညိုက ဂါထာပုဒ်ရေ ပေါင်း ၆၄ ပုဒ် အစား မှတ်ရလွယ်အောင် ဂါထာ ၆၀ ခြောက်ဆယ်ပျို့အဖြစ် ခေါ်ကြသည်။ ရဟန်းစာဆို ရှင်အုန်းညိုက ဂါထာခြောက်ဆယ် ပျို့ဟူ၍ စာပေဖွဲ့၍ ရေးသားခဲ့ရာ မြန်မာစာပေတွင် အလွန်ထင်ရှားခဲ့ပေသည်။

 ““ရွှေနှိုင်းပိတောက်၊ လဲနှင့် ပေါက်လည်း၊ တောက်သည့် မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင် ကြီးသို့၊ ခရီးတောဝယ်၊ မြိုင်အလယ်၌”” ဟူ၍ တပေါင်းလအခါ တောလမ်းခရီး၌ ပန်းတို့ပွင့်နေကြပုံကို ရှင်အုန်းညိုက ဖွဲ့ဆိုပန်းချီခြယ်ခဲ့သည်။ တပေါင်းလ၏ ရာသီပွဲတော်သည် သဲပုံစေတီပွဲဖြစ်သည်။ သဲပုံစေတီတော် ကား ဗုဒ်္ဓဘာသာမှ ဆင်းသက်လာသည့် မြန်မာ့ယဉ်ကျေးမှု ပွဲတော်ဖြစ်၍ မြန်မာနိုင်ငံတွင် ဗုဒ်္ဓသာသနာစတင်ထွန်း ကားကာစပင်ရှိခဲ့သော ပွဲတော်ဟုယူဆရပေသည်။ အင်းဝ ခေတ် ပန်းချီလက်ရာများတွင် တပေါင်းလသဲပုံစေတီပွဲ ကျင်းပပုံ ရိုးရာစဉ်လာကိုတွေ့ရသည်။ တောင်သူ လယ်သမားတို့သည် မြင်းမိုရ်တောင်ရှိ အာလိန်ငါးဆင့် ကို ရည်ရွယ်၍ သဲပုံစေတီများအား ရိုင်ပါတ်ကို ငါးဆင့် ဆင့်ကာ တည်လေ့ရှိသည်။ ထိုအာလိန်ငါးဆင့်တွင် သန့်စင်သောသဲများဖြင့် အပြည့်သိပ်ပြီးလျှင် တံခွန်ကုက်္ကား လှူဖွယ်ပစ်္စည်းများဖြင့်ပူဇော်၍ အလှူအတန်းပွဲများ ပြုလုပ်ကြသည်။ မြန်မာဘုရင်များမရှိသည့်နောက်ပိုင်း သဲပုံစေတီကျင်းပခြင်းသည် တဖြည်းဖြည်းပျောက်ကွယ် လာခဲ့သည်။ ဘုရားပွဲတော်များခေတ်စားလာပြီး ဘုရားပွဲ တော်ကို တပေါင်းပွဲတော်ဟုခေါ်ကြသည်။ ရွှေတိဂုံဘုရားပွဲတော်ကို တပေါင်းလ၌ ကျင်းပရခြင်း သည်စေတီတော်စတင်တည်ထားကိုးကွယ်သည့်နေ့ကို အစွဲပြု၍ အထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပခြင်း ဖြစ်သည်။ မဟာသက်္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့် (ဗုဒ်္ဓဟူးနေ့)တွင် သိကြားမင်း၊ ဥက်္ကလာပမင်းကြီးနှင့် တဖုဿ၊ ဘလိ္လက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံ စေတီတော်ကြီးကို တည်သည်ဟု သမိုင်းကဆိုပါသည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် ထင်ရှားသော ပွဲတော်ဖြစ်သည်။ ဒုတိယကမ်္ဘာစစ်မဖြစ်မီအချိန်က ဘုရားဖူးများသည် အသင်းအဖွဲ့အလိုက် အစုအဝေးနှင့် လှေတစ်တန်၊ ကုန်းတစ်တန်လာကြ၍ ကုန်းတော်ဝန်းကျင် ဇရပ်များ၊ ကျောင်းများ၊ စောင်းတန်းများနှင့် ရင်ပြင်အနှံ့ တွင်လည်း ဘုရားဖူးများ၊ လှည်းဝိုင်းများ တိုးမပေါက် အောင် စည်ကားလေသည်။ ညအခါတွင် အနောက်မုခ်တွင် ဇာတ်ရုံပွဲ၊ ကြည့်ချင် ပွဲများဖြင့် စည်ကားသည်။ သီပေါမင်းပါတော်မူပြီး နှစ်နှစ် အကြာတွင် ရန်ကုန်မြို့မှ ထုတ်ဝေသော မတ်လ ၁၁ ရက် ထုတ် ““ရန်ကုန်ဂေဇက် အပတ်စဉ်သတင်းစာ”” သတင်း တစ်ပုဒ်တွင် ရွှေတိဂုံတပေါင်းပွဲတော်သို့ ယခုနှစ်တွင် လာရောက်သူများပြားကြောင်း၊ လွန်ခဲ့သော ရက်အနည်း ငယ်ကပင်မြို့တွင်း၌ တောဘုရားဖူးများဖြင့် ပြည့်နှက်နေ ကြောင်း၊ ယင်းတို့အထဲတွင် ရှမ်းလူမျိုးများနှင့် ကရင် လူမျိုးအများအပြား ပါဝင်ကြကြောင်း၊ ယမန်နေ့ ရွှေတိဂုံ ကုန်းတော်ပေါ်တွင် မြင်ရသောရှုခင်းမှာ မျကစ် ပိ သာဒ အမြင်တွင် ထူးခြားလှ၍ စိတ်နှလုံးချမ်းမြေ့ဖွယ်ဖြစ်ကြောင်း၊ အကြောင်း မှာ ၀တ်ကောင်းစားလှမျိုးစုံဝတ်ဆင်ထားေ သာ လူတန်းကြီးမှာ မျက်စိတ်တစ်ဆုံးပင်ဖြစ်ကြောင်း စသည်ဖြင့် တပေါင်းပွဲတော်ရှုခင်းကို ဖော်ပြထားသည်ကို တွေ့ရလေသည်။ ခရစ်သက်္ကရာဇ် ၁၈၈၂ ခုနှစ် ရွှေရိုးအမည်ခှံငမှနအေအ ရေးသားထုတ်ဝေသည့်ွှ့န ကြမာညေ စာအုပ် တွင် ““မြန်မာနိုင်ငံတွင် အားလုံးသော ဘုရားပွဲတော်များ အနက် ရွှေတိဂုံဘုရားပွဲတော်သည် အကြီးကျယ်ဆုံးဖြစ် သည်။ ဘုရားဖူးများ ပြည့်ကျပ်စည်ကားလှသည်။ မြန်မာ နိုင်ငံရှိ အဝေးဆုံးအရပ်ဒေသများ၊ ထိုင်းနိုင်ငံဖြစ်သည့် ယိုးဒယား၊ ကမေ်္ဘာဒီးယားနှင့် ကိုရီးယားနိုင်ငံများမှလည်း ဘုရားဖူးဧည့်သည်များလာရောက်ကြသည်””ဟု မှတ်တမ်း ပြုထားပေသည်။ ရွှေတိဂုံစေတီတော်ကြီး၏ တပေါင်း ပွဲတော်ကြီးအား ရှေးနှစ်ပေါင်းများစွာကဲ့သို့ပင် ယခု ခေတ်တွင်လည်း ရက်သတ်္တပတ်တိုင်တိုင် ကြည့်ချင်ပွဲအစုံ ဖြင့် စည်ကားစွာကျင်းပလျက်ရှိသည်။ တပေါင်းလသည် တောတောင်ရေမြေ၌ လည်းကောင်း၊ လယ်တောသစ်ပင်စသည်တို့၌ လည်း ကောင်း တပေါင်းအလှဖြင့် ပြည့်နေသည်။ ရှေးနှစ်ပေါင်း များစွာကတည်းက တပေါင်းအလှသည် ပီပြင်သလို ယနေ့ခေတ် အဆက်ဆက်တွင်လည်း ကမ်္ဘာနှင့်အမျှ တည်တံ့နေမည့် ထာဝရတပေါင်းအလှတစ်ပါးဟု ဆိုထိုက် ပေတော့သည်။ ။

 *ရွှေဘိုသီရိမာလာ*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)